ဆောင်းပါးများ


ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ အဆုံးအမ သြ၀ါဒတော်များစာအုပ် အမှတ်(၁) မှ

ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ အဆုံးအမ သြ၀ါဒတော်များစာအုပ် အမှတ်(၁) မှ ကူးယူဖြန့်ဝေဓမ္မဒါနပြုလိုက်ပါသည်။ “ ဘ၀ အဓိပ္ပါယ် ” —————— အများအားဖြင့် လူတွေမှာ – ရွှေရှိတယ်ပြောပြော ၊ ငွေရှိတယ်ပြောပြော ၊ ယခုလက်ငင်း ပစ္စုပ္ပါန်အချိန်မှာ စိတ်ကလေး အေးအေးချမ်းချမ်းနဲ့ ကြည်ကြည်လင်လင်ပျော်ပျော်ရွှင်ရွှင် မနေနိုင်ဘူးဆိုရင် လူ့ဘ၀ဟာ ဘာမှတန်ဖိုးမရှိပါဘူး ၊ ဘာအဓိပ္ပါယ်မှ မရှိပါဘူး ။ ရခဲတဲ့ လူ့ဘ၀မှာ ရခဲတဲ့ ကုသိုလ်ကောင်းမှုတွေ ရနိုင်မှ လူဖြစ်ရကျိုးနပ်တယ် ။ “ တစ်ယောက်တည်း တည့်အောင်နေ ” ————————————— စိတ်ဆိုတာ တရားမပါရင် ဘယ်အာရုံနဲ့မှ မတည့်ဘူး။ အာရုံတိုင်းနဲ့ အကုန်ရန်ဖြစ်တဲ့သဘောရှိတယ် ။ အသံထွက်မဖြစ်လည်း အသံတိတ်ရန်ဖြစ်တယ် ၊ စိတ်ထဲက မကျေနပ်ဘူး […]


ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ အဆုံးအမ သြ၀ါဒတော်များစာအုပ် အမှတ်(၁) မှ

ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ အဆုံးအမ သြ၀ါဒတော်များစာအုပ် အမှတ်(၁) မှ ကူးယူဖြန့်ဝေဓမ္မဒါနပြုလိုက်ပါသည်။ “ နာတာ နဲ့ ကိုယ်နဲ့ မရောစေနဲ့ ” ——————————– နာတာက သပ်သပ် ၊ ကိုယ်က သပ်သပ် ။ ကိုက်တာခဲတာက သပ်သပ် ၊ ကိုယ်ကသပ်သပ် ။ အဲ့ဒီလို သပ်သပ်စီမှန်း သိအောင်ကြည့်ရပါတယ် ။ တကယ်တော့ ကိုယ်ဆိုတာ မရှိပါဘူး ၊ နာတဲ့ သဘောတရား ၊ ဖောက်ပြန်မှုမျှပဲရှိတယ် ။ “ ဝေဒနာ ကုန် မကုန် ” ———————– ရုပ်ရှိရင် ရော၈ါရှိတယ် ၊ စိတ်ရှိရင် ဝေဒနာရှိတယ် ။ ရောဂါကို အမြစ်ပြတ်ရှင်းလို့ မရပါဘူး ။ ရုပ်ရှိသမျှ […]


ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ အဆုံးအမ သြ၀ါဒတော်များစာအုပ် အမှတ်(၁) မှ

ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ အဆုံးအမ သြ၀ါဒတော်များစာအုပ် အမှတ်(၁) မှ ကူးယူဖြန့်ဝေဓမ္မဒါနပြုလိုက်ပါသည်။ “ သက်သက်သာသာ ၊ အေးအေးချမ်းချမ်း ” ——————————————- ကိုယ်နိုင်သလောက်လေးလုပ်ပါ ၊ မနိုင်ရင် ပြောင်းလို့ ပြင်လို့ ရပါတယ် ။ သက်သက် အပင်ပန်းခံပြီး မလုပ်ရပါဘူး ။ သည်းခံနိုင်သလောက် သည်းခံပါ ။ သိပ် နာကျင်ခံခက်မှု ဖြစ်လာရင် နာတာကြီးကို အာရုံမပြု ဘဲ အဲ့ဒီနာကျင်ခံခက်မှုကြောင့် စိတ်ထဲမှာ မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေးပါ ၊ ရှုပေးပါ ၊ မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကို အာရုံပြုပေးပါ ၊ ရှုပေးပါ ။ မကောင်းတဲ့ ခံစားချက်ကလေးကို သတိထားပြီး ရှုပေးပါ ။ မတတ်နိုင်ရင် တော်လို့ရပါတယ် ၊ […]


ဘုရားရှင် နှင့် သြ၀ါဒပါတိမောက် ”

“ ဘုရားရှင် နှင့် သြ၀ါဒပါတိမောက် ” ————————————- ဘုရားရှင်၏အဆုံးအမသြ၀ါဒနှင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်များကို ပါတိမောက်လို့ ခေါ်ပါတယ် ။ အဲ့ဒီပါတိမောက်က သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုး နှစ်စားရှိပါသည်။ သြ၀ါဒပါတိမောက်ကို မြတ်စွားဘုရားတို့သာ ပြခွင့်ရှိပါတယ်။ တပည့်သာဝကတို့ ပြခွင့်မရှိပါဘူး ။ ဘုရားရှင်အားလုံးသြ၀ါဒပါတိမောက်ဂါထာကို ရွတ်မြဲ ပြမြဲဖြစ်ပါတယ် ။ တစ်ဆူနှင့် တစ်ဆူ သြ၀ါဒပေးပုံကွဲပြားမှု ခြားနားမှုမရှိကြပါ ။ ပြတော်မူတဲ့ အချိန်ကာလသာ ကွဲပြားပါတယ် ။ ဥပမာ – (က) ၀ိပသီမြတ်စွာဘုရားသည် (၇)နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည် ။ တစ်ကြိမ်ပြရုံဖြင့် သြ၀ါဒ(၇)နှစ်ကြာတည်တံ့ ပါသည်။ (ခ) သိခီ နှင့် ဝေသဘူမြတ်စွာဘုရားတို့မှာ (၆)နှစ်လျှင်တစ်ကြိမ်သြ၀ါဒ ပါတိမောက် ကိုပြတော်မူပါသည် ။ […]


တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့ ” သိမှတ်ဖွယ်ရာများ

“ တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့ ” သိမှတ်ဖွယ်ရာများ ———————————————————————— ၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်းဖြစ်ပါသည်။ ၂။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင်- * အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့ဖြစ်ခြင်း ၊ * အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် ဧတဒဂ်ရသောနေ့ဖြစ်ခြင်း ၊ * အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ဖြစ်ခြင်း ၊ * ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ဖြစ်ခြင်း ဤထူးခြားချက် လေးမျိုးကို တွေ့ရှိရပါသည်။ ၃။ အပါယ်ဘေးမှ ကင်းဝေးစေသောအဆုံးအမကို “ သြ၀ါဒ ” ဟုခေါ်ပါသည်။ ထိုသြ၀ါဒ မိန့်ကြားတော်မူခြင်းကို သြ၀ါဒပါတိမောက်ပြသည်ဟု […]